ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်    မေ   ၁၁


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊   ကုသရေးဆိုင်ရာ   ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာ မှုမရှိ   တင်သွင်းနိုင်ရေးအတွက်   အချိန်နှင့် တစ်ပြေးညီ   စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ တစ်ခု၊ ယာဉ်စီးရေ တစ်စီးဖြင့် နှာခေါင်း စည်း (Mask)  ရှစ်တန်  တင်သွင်းခဲ့ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့်   ဆက်စပ်သည့်   အသိပေး ကြေညာချက်များကိုလည်း   အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး   စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 


သတင်းစဉ်