
နေပြည်တော် စက်တင်ဘာ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက် များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် တာချီလိတ် စခန်းလေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၁၆ ခုမှ ယာဉ်စီး ရေ ၂၄ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်နှစ်စီးဖြင့် တန် ၄၀ ၊
Storage Container/ Tank တစ်ခု၊ အောက်ဆီဂျင် (အရည်) Distri-butor တစ်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၂၃၃၀ ၊ Oxygen Plant လေးခု၊ Oxygen Generator ခြောက်ခု၊ အိမ်သုံး Oxygen Concentrator တစ်ခု နှင့် နှာခေါင်းစည်း (Mask) ၄၅ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် အရည် (Bowser)ယာဉ်နှစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant လေးခုမှာ ရန်ကုန်မြို့သို့ သုံးခုနှင့် တန့်ယန်းမြို့သို့ တစ်ခုတို့ ဖြစ်ကြောင်း သိရှိရသည်။
သြဂုတ် ၁ ရက် မှ စက်တင်ဘာ ၁၁ ရက်အတွင်း ယာဉ်စီးရေ ၁၇၀၂ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser) ယာဉ်ဖြင့် ၂၀၆၂ တန်၊ အောက် ဆီဂျင်အရည်(အိုးဖြင့်) ၄၉၄ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(Bowser) ယာဉ်ဖြင့် တန် ၂၀၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၇၄ တန်၊ Storage Container ၂၂ ခု၊ အောက်ဆီဂျင်(အရည်) Distributor ၁၀ ခု၊ အောက်ဆီဂျင်(အိုးခွံ) ခုရေ ၂ ဒသမ ၅ သိန်း ၊ Oxygen Plant ၁၄၇ ခု၊ ဆေးရုံသုံး အောက်ဆီဂျင်ဖြည့်စက် သုံးခု၊ Oxygen Generator ၄၂ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator)ခုရေ တစ်သိန်း၊ Test Kit ခုရေ နှစ်သိန်း၊ PPE အစုံရေ ၁၁ သိန်း ၊ လက်အိတ် ၁၄၆ တန်နှင့် နှာခေါင်းစည်း (Mask) ၃၉၆၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။
သြဂုတ် ၁ ရက်မှ စက်တင်ဘာ ၁၁ ရက်အတွင်း ပြည်ပမှ တင်သွင်း လာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ်စုစုပေါင်း ၉၄ စီးမှာ ရန်ကုန်သို့ ၇၄ စီး ၊ မန္တလေးသို့ ခြောက်စီး ၊ မော်လမြိုင် လေးစီး၊ နေပြည်တော် သုံးစီး၊ ပဲခူး သုံးစီး ၊ မုံရွာ နှစ်စီး ၊ ပြည် နှင့် သံဖြူဇရပ် တစ်စီးစီဖြစ်ကြောင်း သိရှိရသည်။ Oxygen Plant စုစုပေါင်း ၁၄၇ ခုမှာ ရန်ကုန်မြို့သို့ ၇၈ ခု ၊ မန္တလေးမြို့သို့ ၁၇ ခု၊ လားရှိုး ခြောက်ခု ၊ ပဲခူး လေးခု ၊ မော်လမြိုင် လေးခု၊ မြစ်ကြီးနား လေးခု ၊ ကျောက်ပန်းတောင်း သုံးခု ၊ မုံရွာ နှစ်ခု ၊ မကွေး နှစ်ခု ၊ ပခုက္ကူ နှစ်ခု ၊ ဘားအံ နှစ်ခု ၊ မင်းဘူး နှစ်ခု ၊ နေပြည်တော်၊ မြင်းခြံ ၊ တောင်ကြီး ၊ မြစ်သား ၊ မိုးကောင်း ၊ သံဖြူဇရပ် ၊ ကျောက်တံခါး ၊ဝါးခယ်မ ၊ ထားဝယ်၊ ကွမ်းခြံကုန်း ၊ စစ်တွေ၊ ဒေးဒရဲ၊ မြင်းမူ ၊ မုဒုံ၊ ပြည်၊ မိတ္ထီလာ၊ မအူပင်၊ မြောင်းမြ၊ ဝိုင်းမော်၊ တာချီလိတ်နှင့် တန့်ယန်းမြို့များသို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရှိရသည်။
သတင်းစဉ်