ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ တင်သွင်းနိုင်ရေး ပိတ်ရက်မရှိ ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော်  စက်တင်ဘာ  ၉


နိုင်ငံတော်အတွင်း၌  ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊   ကုသရေး လုပ်ငန်းများအတွက်      အရေး တကြီး      လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊  အောက်ဆီ ဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီ ဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ   ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက်  စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး    ဝန်ကြီးဌာနမှ  ဆောင်ရွက်ပေးလျက်ရှိသည်။


ယနေ့တွင်   ရန်ကုန်အပြည် ပြည်ဆိုင်ရာ   လေဆိပ်၊ ဆိပ်ကမ်း များနှင့်        မူဆယ်၊ ချင်းရွှေဟော်၊  ကန်ပိုက်တီးနှင့် မြဝတီကုန်သွယ် ရေးစခန်းလေးခုတို့မှ တင်သွင်းရာ ၌ ကုမ္ပဏီခြောက်ခုမှ ယာဉ်စီးရေ ကိုးစီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့်    တန် ၂၀ ၊  အောက်ဆီဂျင်   (အရည်) အိုးဖြင့် ၁၆ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၉၁၂၅ ခု၊ Oxygen Plant  နှစ်ခု၊   အိမ်သုံး   Oxygen Concentrator ၄၀၉ ခု၊ လက်အိတ် ခြောက်တန်နှင့်  နှာခေါင်းစည်း  (Mask)  ၁၅၁၇ တန် တင်သွင်းခဲ့ သည်။ အောက်ဆီဂျင် (အရည်) Bowser  ယာဉ်တစ်စီးမှာ ရန်ကုန် မြို့သို့ဖြစ်ပြီး  Oxygen  Plant  နှစ်ခုမှာ ရန်ကုန်မြို့နှင့်   ဝိုင်းမော် မြို့တို့သို့     တစ်ခုစီဖြစ်ကြောင်း သိရသည်။


ကိုဗစ်- ၁၉  ကူးစက်ရောဂါ ကာကွယ်၊ ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာန များနှင့်    ပူးပေါင်းဆောင်ရွက် လျက်ရှိသလို  အကူအညီလိုအပ် ပါကလည်း သက်ဆိုင်ရာတာဝန် ရှိသူများထံ တိုက်ရိုက်ဆက်သွယ် နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်   မေးမြန်းနိုင်သည့် တာဝန်ခံ  (Contact   Person) များကိုလည်း       ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး      စီစဉ်ဆောင်ရွက်ပေး ထားကြောင်း  သိရသည်။


သတင်းစဉ်