
နေပြည်တော် စက်တင်ဘာ ၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူ ရုံးပိတ်ရက်များ တွင် လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေး စခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက်အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ဆိပ်ကမ်း များနှင့် မူဆယ်၊ ချင်းရွှေဟော်၊ မြဝတီနှင့် ထီးခီးကုန်သွယ်ရေး စခန်း လေးခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ၂၂ခုမှ ယာဉ်စီးရေ ၃၈စီး ဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် သုံးစီးဖြင့် ၅၇တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် သုံးတန်၊ အောက်ဆီဂျင် (အိုးခွံ) ၁၉၇၅၇ ခု၊ Oxygen Plant ၁၃ခု၊ Oxygen Generator သုံးခု၊ အိမ်သုံး Oxygen Concentrator ၂၆၆၇ခု၊ PPE ဝတ်စုံ ၆၇၅၀၀၊ လက်အိတ် ခြောက်တန်နှင့် နှာခေါင်း စည်း (Mask) ၈၈ တန်တင်သွင်း ခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် သုံးစီးမှာ ရန်ကုန် မြို့၊ မန္တလေးမြို့နှင့် ပဲခူးမြို့တို့သို့ တစ်စီးစီဖြစ်ပြီး Oxygen Plant ၁၃ခုမှာ ရန်ကုန်မြို့သို့ လေးခု၊ မန္တလေးမြို့သို့ ခုနစ်ခု၊ မအူပင် မြို့နှင့် မြောင်းမြမြို့တို့သို့ တစ်ခု စီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOPများနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်းအများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov. mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။ သတင်းစဉ်