
နေပြည်တော် အောက်တိုဘာ ၇
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင် ရေးအတွက် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည် များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော်၊ မြဝတီ ကုန်သွယ်ရေး စခန်းနှစ်ခုတို့မှ တင်သွင်း ရာ၌ ကုမ္ပဏီနှစ်ခုမှယာဉ်စီးရေ နှစ်စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) ၂၁၉၀ နှင့် Oxygen Plant နှစ်ခု တင်သွင်းခဲ့သည်။ Oxygen Plant နှစ်ခုမှာ ရန်ကုန်မြို့နှင့် ကျုံဒိုးမြို့သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှ တင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိ စေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။
သတင်းစဉ်