ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   ဧပြီ   ၂


စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊     ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှု မရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေး ညီ   စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်တစ်စီးဖြင့် နှာခေါင်းစည်း Disposable Mask ခုနစ်တန်ကို  တင်သွင်းခဲ့သည်။ ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှ ၂ ရက်အတွင်း  နှာခေါင်း စည်း(Mask) ၂၃ တန် တင်သွင်းခဲ့သည်။ 

 

   
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့်ညှိနှိုင်းထားသည့် SOP များနှင့် အညီ  ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိ ကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ  တင်သွင်းခြင်းနှင့်ဆက်စပ်သည့်   အသိပေး ကြေညာချက်များကိုလည်း  အများပြည်သူ သိရှိစေရန်   ဝန်ကြီးဌာန  Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး    စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။                                  

သတင်းစဉ်