
နေပြည်တော် ဇန်နဝါရီ ၁၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာကုမ္ပဏီတစ်ခုမှ ယာဉ် သုံးစီးဖြင့် အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator ၈၄၆ ခုနှင့် လက်အိတ် ၂၁ တန်တို့ကို တင်သွင်းခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၁၅ ရက်အတွင်း ကုမ္ပဏီခုနစ်ခုမှ ယာဉ် ၁၄ စီး အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးဖြင့် တန်၂၀၊ အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator ၈၄၆ ခု၊ လက်အိတ် ၂၁ တန်နှင့် နှာခေါင်းစည်း (Mask) ၆၆ တန်တို့ကို တင်သွင်းခွင့်ပြုခဲ့ပြီး၊ အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးမှာ မြဝတီကုန်သွယ်ရေး ဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ် ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက် များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။
သတင်းစဉ်