ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၂၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ    ပစ္စည်းများကို    လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ  စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင်   ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ   ကုမ္ပဏီတစ်ခုမှ   ယာဉ်တစ်စီးဖြင့် နှာခေါင်းစည်း  (Mask)  လေးတန်    တင်သွင်းခဲ့ သည်။

 


ဒီဇင်ဘာ ၁ ရက်မှ ၂၅ ရက်အတွင်း ကုမ္ပဏီ ၈၃ ခုမှ ယာဉ်စီးရေ ၁၉၀ ဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၃၀၄ တန်၊   အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် နှစ်တန်၊ အောက်ဆီဂျင်အရည် Storage Container/ Tank နှစ်ခု၊ အောက်ဆီဂျင် အရည် Distributor နှစ်ခု၊ အောက်ဆီဂျင်(အိုးခွံ)  ၁၃၀၀၁ ခု၊   Oxygen Plant သုံးခု၊   အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၅၈၁ ခု၊ Covid Test Kit ၁၉၅၇  ခု၊ PPE ဝတ်စုံ  ၁၅၂၈၀၊ လက်အိတ် ၃၂ တန်နှင့်   နှာခေါင်းစည်း (Mask) ၁၀၃၉ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 


ဒီဇင်ဘာ ၁ ရက်မှ ၂၅ ရက်အတွင်း  ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၆  စီးမှာ ရန်ကုန်မြို့သို့ ၁၃ စီး၊ မန္တလေးမြို့သို့ နှစ်စီးနှင့် မုံရွာမြို့သို့ တစ်စီးဖြစ်ပြီး Oxygen Plant သုံးခုမှာ မန္တလေးမြို့ နှစ်ခုနှင့် မူဆယ် မြို့သို့ တစ်ခုဖြစ်ကြောင်း သိရသည်။  

 

 
ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့်  ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး     တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်  အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန်   ဝန်ကြီးဌာန   Website   ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။  


သတင်းစဉ်