
နေပြည်တော် အောက်တိုဘာ ၁၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက် အချိန်နှင့်တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီ (ယာပုံ) ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ လေးခုမှ ယာဉ်စီး ရေရှစ်စီးဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ် တစ်စီး တန်၂၀၊ လုပ်ငန်း သုံး အောက်ဆီဂျင်စက် (Oxygen Generator ရှစ်ခု၊ PPE ဝတ်စုံ ၃၈၇၀၀ နှင့် နှာခေါင်းစည်း(Mask) ၃၉ တန်တို့ ကို တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်း ရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် သက်ဆိုင်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိ စေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်း သိရသည်။ သတင်းစဉ်