ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ  ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ


 

 

နေပြည်တော်   နိုဝင်ဘာ  ၁၆
စီးပွားရေးနှင့်   ကူးသန်းရောင်း ဝယ်ရေး   ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊        ကုသရေးဆိုင်ရာ ပစ္စည်းများကို   လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ် ရေးစခန်းများမှ        နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အတွက်  အချိန်နှင့်တစ်ပြေးညီ စီစဉ်   ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်     အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ မြဝတီနှင့် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်း နှစ်ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ ငါးစီးဖြင့် အောက် ဆီဂျင်(အရည်) Bowserယာဉ်  တစ်စီးဖြင့် တန် ၂၀ ၊ အောက်       ဆီဂျင်   (Plant)   ခြောက်ခုနှင့် နှာခေါင်းစည်း (Mask) ၃၇  တန် တို့ကိုတင်သွင်းခဲ့သည်။ အောက် ဆီဂျင်(အရည်) Bowser ယာဉ် တစ်စီးမှာ မြဝတီစခန်းမှ ရန်ကုန် မြို့သို့ဖြစ်ပြီး      အောက်ဆီဂျင် (Plant) ခြောက်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရှိရ သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊       ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်    ရှိကြောင်းနှင့် ဆေးဝါးနှင့်  ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး   ကြေညာချက်များကို လည်း   အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန   Website    ဖြစ် သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။                    သတင်းစဉ်