
နေပြည်တော် ဇန်နဝါရီ ၂၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင် ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီတစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်းစည်း Mask တန် ၂၀ တင်သွင်းခဲ့သည်။
၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၂ ရက်အတွင်း ကုမ္ပဏီ ၁၁ ခုမှ ယာဉ်စီးရေ ၂၁ စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်တစ်စီးဖြင့် တန် ၂၀ ၊ အောက်ဆီဂျင်(အိုးခွံ) (၁၁၀၀) ၊ လုပ်ငန်း သုံးအောက်ဆီဂျင်စက် Oxygen Gener-ator တစ်ခု၊ အိမ်သုံးအောက်ဆီဂျင်စက် Oxygen Concentrator ၉၄၂ ခု၊ လက်အိတ် ၃၅ တန်နှင့် နှာခေါင်းစည်း (Mask) တန် ၉၀ တင်သွင်းခွင့်ပြုခဲ့ပြီး အောက်ဆီဂျင်အရည် (Bowser) ယာဉ် တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့်အသိပေးကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင် ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်