ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော် ဒီဇင်ဘာ ၂၄


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ  ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်း နှင့်   နယ်စပ်ကုန်သွယ်ရေးစခန်း များမှ   နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် မူဆယ် (၁၀၅)မိုင်       ကုန်သွယ်ရေးဇုန်၊ မြဝတီ      ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း တို့မှ ကုမ္ပဏီ သုံးခု၊ ယာဉ်စီးရေ ငါးစီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ် တစ်စီးဖြင့် တန် ၂၀ နှင့်   နှာခေါင်းစည်း  (Mask) ၂၆ တန်တို့ကို တင်သွင်းခဲ့ကြောင်း သိရသည်။ အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီးမှာ မြဝတီ ကုန်သွယ်ရေးဇုန်မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။

 


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့်   ညှိနှိုင်းထားသည့်  SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက်   ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm       တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။


  သတင်းစဉ်