ကိုဗစ်-၁၉ ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၁၄


နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ် သည့်ဆေးဝါးနှင့်    ဆက်စပ်ပစ္စည်းများကို    လေ ကြောင်း၊     ရေကြောင်းနှင့်   နယ်စပ်ကုန်သွယ်ရေး စခန်းများမှ လွယ်ကူလျင်မြန်စွာတင်သွင်းနိုင်ရေး အတွက်   စီးပွားရေးနှင့်    ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်     သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့်  SOP   များနှင့်အညီ   ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိရာ  ယနေ့တွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၊    ဆိပ်ကမ်းများနှင့် မူဆယ်၊   ချင်းရွှေဟော်၊   ကန်ပိုက်တီနှင့်   မြဝတီ ကုန်သွယ်ရေးစခန်း   လေးခုတို့မှ    တင်သွင်းရာ၌ ကုမ္ပဏီ ၁၁ ခုမှ ယာဉ်စီးရေ ၂၄ စီးဖြင့် အောက်ဆီဂျင် (အရည်) (Bowser) ယာဉ်နှစ်စီး ၃၉ တန်၊ အောက် ဆီဂျင် (အိုးခွံ) အခု၂၇၉၀၊ Oxygen Plant ၆၈ ခု၊  အိမ်သုံး Oxygen Concentrator ၃၁၈ ခု၊ Test Kit အခု ၅၀၂၄၀၊ PPE ဝတ်စုံ ၇၃၀၀၊ လက်အိတ် ၂၉ တန် နှင့် နှာခေါင်းစည်း (Mask) ၆၃ တန် တင်သွင်းခဲ့သည်။  အောက်ဆီဂျင် (အရည်) (Bowser) ယာဉ် နှစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ပြီး   Oxygen  Plant  ၆၈  ခုမှာ ရန်ကုန်မြို့သို့ ၆၄  ခု၊ မန္တလေးမြို့၊ မြစ်ကြီးနားမြို့၊ ဖားကန့်မြို့နှင့်  မိုးကောင်းမြို့တို့သို့  တစ်ခုစီ  ဖြစ် ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ      ဆေးဝါးနှင့်   ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့် အသိပေးကြေညာ ချက်များနှင့်   အကူအညီလိုအပ်ပါက  သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေး အတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင် သည့် တာဝန်ခံ (Contact Person) များကိုလည်း အများပြည်သူသိရှိစေရန်  ဝန်ကြီးဌာန   Website ဖြစ်သည့်  commerce.gov.mm  တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။ 
သတင်းစဉ်