ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများ လွယ်ကူလျင်မြန်စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ   ၁၅


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့်  နယ်စပ်ကုန်သွယ်ရေးစခန်းများမှ   အဆင်ပြေ ချောမွေ့စွာတင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊  ဆိပ်ကမ်းများ နှင့် ချင်းရွှေဟော်တို့မှ တင်သွင်း ရာ၌ ကုမ္ပဏီခြောက်ခုမှ   ယာဉ် စီးရေ ရှစ်စီးဖြင့်  အောက်ဆီဂျင် (အိုးခွံ) ၅၀၈၇ ခု၊ Oxygen Plant ခုနစ်ခု၊  ဆေးရုံသုံး    Oxygen ဖြည့်စက်နှစ်ခု၊ အိမ်သုံး Oxygen Concentrator ၉၆ ခု၊  Tesk Kit ၄၇၇  ခု၊   လက်အိတ်နှစ်တန်နှင့် နှာခေါင်းစည်း (Mask)  ၁၀ တန် တင်သွင်းခဲ့သည်။ Oxygen Plant ခုနစ်ခုမှာ   ဆိပ်ကမ်းမှ   သုံးခုနှင့် ချင်းရွှေဟော်   နယ်စပ်စခန်းမှ လေးခု     တင်သွင်းခြင်းဖြစ်ပြီး ရန်ကုန်မြို့သို့ လေးခု၊ ပခုက္ကူမြို့၊ အောင်လံမြို့နှင့် မအူပင်မြို့တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်း များကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေး အတွက် စီးပွားရေးနှင့်   ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့်    သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်သက်ဆိုင်သည့် အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူသိရှိစေရန်   ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါ ကြောင်း သိရှိရသည်။  

သတင်းစဉ်