
နေပြည်တော် သြဂုတ် ၁၁
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီးဌာနသို့ ချန်းရှိချင်းယန့်ကုမ္ပဏီလီမိတက်က လီတာ ၄၀ အောက်ဆီဂျင်အိုး ၁၀၀၀ လှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။
အခမ်းအနားတွင် ချန်းရှိချင်းယန့်ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူက လှူဒါန်းရခြင်းအကြောင်းရင်း ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယခုလို ကိုဗစ်-၁၉ ရောဂါ ကုသရေးတွင် အရေးကြီးသည့် အောက်ဆီဂျင်အိုး အလုံး ၁၀၀၀ ကို ကျန်းမာရေး ဝန်ကြီးဌာနသို့ လှူဒါန်းပေးသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် ပြည်သူများကိုယ်စား ကျေးဇူး အထူးတင်ရှိပါကြောင်း၊ လက်ခံရရှိသည့် အောက်ဆီဂျင်အိုးများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ကိုဗစ်-၁၉ ရောဂါ ကုသရေးဌာနများနှင့် ပြည်သူ့ဆေးရုံကြီးများသို့ အမြန်ဆုံး ဖြန့်ဖြူးပေးသွားမည် ဖြစ်ကြောင်း ပြောကြား၍ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်