
နေပြည်တော် အောက်တိုဘာ ၁၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင် သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ် ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ သုံးစီး ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်တစ်စီး တန် ၂၀၊ အောက်ဆီဂျင်(အိုးခွံ) ၄၈၀ ၊ Oxygen Plant နှစ်ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် (Oxygen Generator) နှစ်ခုတို့ကို တင်သွင်း ခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant နှစ်ခုမှာ ချင်းရွှေဟော်မှ လွိုင်ကော်မြို့သို့ ဖြစ်ကြောင်း သိရှိရသည်။
အောက်တိုဘာ ၁ ရက်မှ ၁၆ ရက်အတွင်း ကုမ္ပဏီ ၄၈ ခုမှ ယာဉ်စီးရေ ၁၁၅ စီးဖြင့် အောက် ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၂၃၃ တန်၊ အောက်ဆီဂျင်(အရည်) Storage Container နှစ်ခု၊ အောက်ဆီဂျင်(အရည်) Distri-butor သုံးခု၊ အောက်ဆီဂျင် (အိုးခွံ) ၁၄၂၀၁ ခု၊ Oxygen Plant ၃၆ခု၊ ဆေးရုံသုံး အောက်ဆီဂျင် ဖြည့်စက် လေးခု၊ Oxygen Generator ရှစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၁၆၉၉ ခု၊ Test Kit ၁၅၀၀၀ ၊ PPE ၈၆၄၇၅ စုံ၊ လက်အိတ် ၅၉ တန်နှင့် နှာခေါင်း စည်း(Mask) ၄၃၂ တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။
အောက်တိုဘာ ၁ ရက်မှ ၁၆ ရက်အတွင်း ပြည်ပမှ တင်သွင်း သည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း ၁၂ စီးမှာ ရန်ကုန်မြို့သို့ ကိုးစီးနှင့် မန္တလေးမြို့သို့ သုံးစီးဖြစ်ပြီး Oxygen Plant စုစုပေါင်း ၃၆ ခုမှာ ရန်ကုန်မြို့သို့ ၂၇ ခု၊ မြစ်ကြီးနား မြို့သို့ နှစ်ခု၊ ကူမဲမြို့သို့ နှစ်ခု၊ လွိုင်ကော်မြို့သို့ နှစ်ခု၊ မန္တလေးမြို့ တစ်ခု ၊ ဟုမ္မလင်းမြို့ တစ်ခုနှင့် ကျုံဒိုးမြို့ တစ်ခုစီဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက် ရှိကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်