
နေပြည်တော် ဇန်နဝါရီ ၂၉
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန် နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ ကုမ္ပဏီတစ်ခုမှ ယာဉ်စီးရေ နှစ်စီးဖြင့် လက်အိတ် ၁၂ တန်တို့ကို တင်သွင်းခဲ့သည်။
၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၉ ရက်အတွင်း ကုမ္ပဏီ ခုနစ်ခုမှ ယာဉ်စီးရေ ၁၄ စီးဖြင့် အောက်ဆီ ဂျင်အရည် (Bowser) တန် ၂၀ ၊ အိမ်သုံး အောက်ဆီဂျင်စက် Oxygen Concentrator ၈၄၆ ခု၊ လက်အိတ် ၄၃ တန်နှင့် နှာခေါင်း စည်း (Mask) ၇၅ တန်တို့ကို တင်သွင်းခွင့်ပြုခဲ့ပြီး အောက်ဆီ ဂျင်အရည် (Bowser)ယာဉ် တစ်စီးမှာ မြဝတီကုန်သွယ်ရေးဇုန် မှ ရန်ကုန်မြို့သို့ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ် ဆောင်ရွက်ပေးထားကြောင်း သိရ သည်။
သတင်းစဉ်