
နေပြည်တော် စက်တင်ဘာ ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အရှေ့မြောက် တိုင်းစစ်ဌာနချုပ် အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ အရှေ့မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးနှင့် အဖွဲ့ဝင်များ၊ လားရှိုးခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများ တက် ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အမှာစကား ပြောကြားပြီး တက်ရောက် လာကြ သူများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြသည်။
ထို့ပြင် ဧရာဝတီတိုင်းဒေသ ကြီးအတွင်း သဘာဝဘေး အန္တရာယ် ကြုံတွေ့လာပါက ချက်ချင်းတုံ့ပြန်နိုင်ရန်နှင့် ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒေးဒရဲ မြို့နယ်၊ မြောင်းမြမြို့နယ်၊ ဝါး ခယ်မမြို့နယ်နှင့် ကျောင်းကုန်း မြို့နယ်တို့၌ ယနေ့တွင် မီးသတ် တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သဘာဝဘေး ကူညီကယ်ဆယ်ရေး သရုပ်ပြ လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်