ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် သွင်းကုန်လိုင်စင်လျှောက်ထားခြင်းမှ ယာယီကင်းလွတ်ခွင့်ပြုပေးလျက်ရှိ

နေပြည်တော်   ဇူလိုင်  ၂၈ 

 


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ဆေးဝါးနှင့်     ဆက်စပ်ပစ္စည်းများ     ပြည်ပမှ တင်သွင်းခွင့်    သွင်းကုန်လိုင်စင်   လျှောက်ထားခြင်းကို      ယာယီ ကင်းလွတ်ခွင့်ပြုပေးခြင်းနှင့်   နယ်စပ်ဒေသများမှ တင်သွင်းရာ တွင် လွယ်ကူအဆင်ပြေစေရေး အတွက်  နယ်စပ်ကုန်သွယ်ရေး စခန်းများ ရုံးပိတ်ရက်မရှိ  ဖွင့်လှစ် ၍   ဆောင်ရွက်ပေးလျက်ရှိသည့် အပြင်    ပုံမှန်အွန်လိုင်းစနစ်ဖြင့်     ဆောင်ရွက်လျက်ရှိသည့်   အခြား ကုန်စည်များအတွက်  အများ ပြည်သူ အလုပ်ပိတ်ရက်ရှည်ဖြစ် သည့်  ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ   ပို့ကုန်သွင်းကုန် လိုင်စင် လျှောက်ထားမှုများကို    ကုန်သွယ်ရေးဦးစီးဌာန  (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်း ဌာနခွဲနှင့်      ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့်    ခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ပို့ကုန် လိုင်စင်     အစောင်  ၂၀ (တန်ဖိုး      အမေရိကန်ဒေါ်လာ ၄၅၆ သန်း)နှင့် ဆေးနှင့်ဆေးပစ္စည်းအတွက် သွင်းကုန်လိုင်စင်    ၅၆  စောင် (တန်ဖိုး    အမေရိကန်ဒေါ်လာ ခြောက်သန်း) အပါအဝင် သွင်းကုန် လိုင်စင်   ၂၇၇ စောင် (တန်ဖိုး      အမေရိကန်ဒေါ်လာ ၃၁၈ သန်း) ခွင့်ပြု      ထုတ်ပေးထားပြီးဖြစ် ကြောင်း သိရသည်။

 


ရုံးပိတ်ရက်     ကာလအတွင်း ကုန်ပစ္စည်းများ    အဆင်ပြေ ချောမွေ့စွာ    တင်သွင်းနိုင်ရေး အတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့်   အသိပေး ကြေညာချက်များ၊   တာဝန်ရှိသူ များ ညှိနှိုင်းထားသည့် SOP များ နှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိသည်။ 
ယနေ့တွင် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်မှ      Oxygen Concentrator ၃၀၆၃ ခု၊   Test Kit   ၁၅၂၅၀  တို့   အပါအဝင် မူဆယ်၊   မြဝတီ၊  ချင်းရွှေဟော်၊ ကော့သောင်း၊      တာချီလိတ် ကုန်သွယ်ရေး    စခန်းများမှ အောက်ဆီဂျင်အရည်  (Bowser) ယာဉ်တစ်စီးဖြင့်     တန် ၂၀၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၂၉ တန်၊  အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) ၃၃၀၂ ခု၊ နှာခေါင်းစည်း ၂၁ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများအား ကုမ္ပဏီ ၂၆ ခုမှ    ယာဉ်စီးရေ   ၃၆ စီးဖြင့် တင်သွင်း လာခြင်းဖြစ်ကြောင်း သိရသည်။

 


တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုစတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ၂၈ ရက်အထိ ယာဉ်စီး ရေ ၅၄၉ စီးဖြင့်  အောက်ဆီဂျင် အရည် (Bowser)    ယာဉ်ဖြင့် ၆၃၁ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၄၉၄ တန်၊ အောက်ဆီဂျင် ဓာတ်ငွေ့ (အိုးဖြင့်)  ၁၀၆ တန်၊ အိမ်သုံး        အောက်ဆီဂျင်စက် ၄၄၆၈၄ ခု၊   Test Kit  ၂၇၅၇၇၈ ခု၊      နှာခေါင်းစည်း  ၇၉၇ တန်၊ Oxygen Plant ငါးခု၊  Oxygen Generator  ကိုးခု တင်သွင်းခွင့်ပြု ခဲ့ပြီးဖြစ်သည်။

 


စီးပွားရေးနှင့်        ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့်   ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့်    ပူးပေါင်းဆောင်ရွက် လျက်ရှိသလို အကူအညီလိုအပ်ပါ ကလည်း သက်ဆိုင်ရာတာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင် ရေးအတွက်    ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ    (Contact Person) များနှင့်  အသိပေးကြေညာချက် များကိုလည်း      ဝန်ကြီးဌာန ဝက်ဘ်ဆိုက်ဖြစ်သည့် Commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။  

 


သတင်းစဉ်