
နေပြည်တော် ဩဂုတ် ၂၀
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ စဉ်ဆက်မပြတ် အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေး အတွက် ပိတ်ရက်မရှိ စီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ဩဂုတ် ၈ ရက် တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentra-tor ၆၃၅ ခု၊ Test Kit ၁၀၀၀၊ PPE ဝတ်စုံ ၄၄၀ နှင့် ဆိပ်ကမ်း များမှ အောက်ဆီဂျင် (အရည်)အိုး ၁ တန်၊ အောက်ဆီဂျင် (အိုးခွံ) ၆၁ လုံးအပါအဝင် မူဆယ်၊ ချင်းရွှေ ဟော်၊ မြဝတီ ၊ ကော့သောင်း၊ ထီးခီး၊ ကန်ပိုက်တီ၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ် နှစ်စီးဖြင့် ၃၉ တန်၊ အောက် ဆီဂျင် (အရည်) အိုးဖြင့် ၁၇ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် (၀ ဒသမ ၀၇) တန်၊ အောက်ဆီဂျင် အိုး (အခွံ) ၅၉၁၇ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၉၃၉ ခု၊ Covid Test Kit ၄၀၀၀၊ PPE ဝတ်စုံ ၈၈၁၀ နှင့် နှာခေါင်းစည်း(Mask) ၇၃ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ ပစ္စည်းများကို ကုမ္ပဏီ ၂၁ ခုမှ ယာဉ်စီးရေ ၅၀ ဖြင့် တင်သွင်းခဲ့ခြင်းဖြစ်သည်။
တင်သွင်းခွင့်ပြု
သြဂုတ်လအတွင်း ယာဉ်စီး ရေ ၁၀၇၂ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၁၀၆၄ တန်၊ အောက်ဆီဂျင် (အရည်) အိုးဖြင့် ၂၇၄ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် ၇၃ တန်၊ အောက်ဆီဂျင် (အရည်) Storage Container ၁၂ ခု၊ အောက်ဆီဂျင် (အရည်) Distri-butor ခြောက်ခု၊ အောက်ဆီဂျင် (အိုးခွံ) ၁၃၅၇၅၇ ခု၊ Oxygen Plant ၃၃ ခု၊ ဆေးရုံသုံးအောက်ဆီ ဂျင်ဖြည့် စက် နှစ်ခု၊ အောက်ဆီဂျင် (Generator) ၁၁ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) ၈၂၃၆၆ ခု၊ Test Kit ၁၆၁၈၀၈ ခု၊ PPE ဝတ်စုံ ၅၅၉၈၇၅၊ လက်အိတ် ၈၃ တန်နှင့် နှာခေါင်းစည်း (Mask) ၁၃၆၇ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
၂၀၂၁ ခုနှစ် ဇူလိုင် ၁ ရက်မှ သြဂုတ် ၂၀ ရက်အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း ၉၃ စီး၌ ရန်ကုန်မြို့သို့ ၆၈ စီး၊ မန္တလေးမြို့သို့ ၁၅ စီး၊ မော်လမြိုင် မြို့သို့ လေးစီး၊ ပဲခူးမြို့သို့ နှစ်စီး၊ သထုံမြို့သို့ တစ်စီး၊ သံဖြူ ဇရပ်မြို့သို့ တစ်စီး၊ မုံရွာမြို့သို့ တစ်စီး၊ နေပြည်တော်သို့ တစ်စီး ဖြစ်ကြောင်း သိရသည်။ Oxygen Plant စုစုပေါင်း ၄၁ ခု၌ ရန်ကုန် မြို့သို့ ၁၁ ခု၊ လားရှိုးမြို့ သို့ ငါးခု၊ ပဲခူးမြို့သို့ လေးခု၊ မန္တလေးမြို့သို့ လေးခု၊ ကျောက်ပန်းတောင်းမြို့ သုံးခု၊ ပခုက္ကူမြို့သို့ နှစ်ခု၊ ဘားအံ မြို့သို့ နှစ်ခု၊ မော်လမြိုင်မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊ ထားဝယ်၊ ဝါးခယ်မ၊ မြစ်သား၊ မိုးကောင်းမြို့နှင့် ကျောက်တံခါးမြို့များသို့ တစ်ခုစီ ဖြစ်ကြောင်း သိရသည်။
စီစဉ်ဆောင်ရွက်ပေး
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အနေ ဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိသလို အကူအညီလိုအပ်ပါက လည်း သက်ဆိုင်ရာ တာဝန်ရှိသူ များထံ တိုက်ရိုက်ဆက်သွယ်နိုင် ရေးအတွက် ဌာနများအလိုက် ဆက်သွယ် မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များ နှင့် အသိပေးကြေညာချက်များ ကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်