ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ပိတ်ရက်မရှိ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိ

 

နေပြည်တော်   ဩဂုတ်   ၁၃


ပြည်ပမှ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာပစ္စည်းများကို    စဉ်ဆက်မပြတ်    တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အများ ပြည်သူရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေးစခန်းများ၌ အလုပ်တာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် အဆိုပါရုံးပိတ်ရက်များ အတွင်း ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲ နှင့် ပို့ကုန်သွင်းကုန်ရုံး(ရန်ကုန်)တို့မှ  အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုများကိုလည်း    ရုံးချိန်အတွင်း   ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိသည်။ 

 


ထိုသို့  ကိုဗစ်-၁၉  ကူးစက် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် လေကြောင်း၊   ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေး အတွက်  စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ  ယနေ့တွင်  ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်မှ Oxygen Concentrator ၂၂၀၅ ခု အပါအဝင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ မြဝတီ ၊ တာချီလိတ်၊ ကော့သောင်း ကုန်သွယ်ရေးစခန်း များမှ အောက်ဆီဂျင် (အရည်) Bowser ယာဉ် နှစ်စီးဖြင့် ၃၆ တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့်   ၁၀ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့) အိုးဖြင့် ငါးတန်၊ အောက်ဆီဂျင် (အရည်) Storage Container  လေးခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက် ဆီဂျင်အိုး(အခွံ)    ၆၁၅၄   ခု၊ Oxygen Plant နှစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက်     (Oxygen Concentrator) ၃၃၁ ခု၊  PPE ဝတ်စုံ ၃၁၆၈၀ ၊ လက်အိတ်  ၁၂ တန်နှင့် နှာခေါင်းစည်း(Mask) ၃၉  တန်      တင်သွင်းနိုင်ခဲ့သည်။ အထက်ပါ         ပစ္စည်းများအား ကုမ္ပဏီ     ၂၂   ခုမှ  ယာဉ်စီးရေ ၅၂ စီးဖြင့်     တင်သွင်းလာခြင်း ဖြစ်သည်။

 


သြဂုတ်လအတွင်း ယာဉ်စီး ရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်ဖြင့် ၆၆၄  တန်၊ အောက်ဆီဂျင်(အရည်) အိုး ဖြင့် ၁၆၆ တန်၊ အောက်ဆီဂျင် (ဓာတ်ငွေ့)  အိုးဖြင့်  ၇၁ တန်၊ အောက်ဆီဂျင် (အရည်) Storage Container လေးခု၊ အောက်ဆီဂျင် (အရည်) Distributor ခြောက်ခု၊ အောက်ဆီဂျင်(အိုးခွံ) ၈၉၈၃၃ ခု၊ Oxygen Plant ၂၂ ခု၊ အောက်ဆီ ဂျင် (Generator) ၁၀ ခု၊ အိမ်သုံး အောက်ဆီဂျင်စက်   (Oxygen Concentrator) ၆၇၃၈၅ ခု၊ Test Kit  ၁၅၀၂၆၈ ခု၊ PPE  ၄၃၂၃၃၂ စုံ၊   လက်အိတ်  ၇၂  တန်နှင့် နှာခေါင်းစည်း (Mask) ၉၄၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။

 


ဇူလိုင်မှ  သြဂုတ်  ၁၃ ရက် အထိ ပြည်ပမှ တင်သွင်းလာသည့် အောက်ဆီဂျင်အရည်(Bowser) ယာဉ် စုစုပေါင်း ၆၇ စီးမှာ ရန်ကုန် မြို့သို့ အစီး ၅၀၊ မန္တလေးမြို့သို့      ၁၁ စီး ၊   ပဲခူးမြို့သို့  နှစ်စီး၊ မော်လမြိုင်မြို့သို့ သုံးစီး၊ သထုံမြို့ သို့ တစ်စီး ဖြစ်ကြောင်း သိရှိရသည်။   Oxygen  Plant စုစုပေါင်း ၃၀ မှာ လားရှိုးမြို့သို့  ငါးခု၊ ရန်ကုန်မြို့သို့ လေးခု၊ ပဲခူးမြို့သို့ လေးခု၊ မန္တလေး မြို့သို့ သုံးခု၊ ပခုက္ကူမြို့သို့  နှစ်ခု ၊ ဘားအံမြို့သို့ နှစ်ခု၊ မော်လမြိုင် မြို့သို့ နှစ်ခု၊ တောင်ကြီး၊ သံဖြူဇရပ်၊ မကွေး၊   ထားဝယ်၊  ဝါးခယ်မ၊  မြစ်သား၊   ကျောက်ပန်းတောင်း မြို့နှင့်    မိုးကောင်းမြို့များသို့ တစ်ခုစီဖြစ်ကြောင်း     သိရှိရ သည်။

 


စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး  ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်း များကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့်ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့်ဆက်စပ်သည့်  အသိပေး ကြေညာချက်များကိုလည်း အများ ပြည်သူများသိရှိစေရန်   ဝန်ကြီး ဌာန    Website   ဖြစ်သည့် commerce.gov.mm တွင် ဝင် ရောက်       ကြည့်ရှုနိုင်ရေး   စီစဉ် ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 


သတင်းစဉ်