
နေပြည်တော် ဩဂုတ် ၈
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေး တကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ်တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက် ပေးလျက်ရှိသည်။
၅၂ စီးဖြင့် တင်သွင်းလာ
ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အိမ်သုံးအောက်ဆီဂျင်စက် ၃၂၉၄ ခုနှင့် နှာခေါင်းစည်း သုည ဒသမ ၅တန်အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး၊ တမူးကုန်သွယ် ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် သုံးစီးဖြင့် ၅၉တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၃၈ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်)တစ်တန်၊ အောက်ဆီဂျင်(အိုးခွံ) ၈၉၁၀၊ အိမ်သုံး အောက်ဆီဂျင်စက် ၃၇၄၅ ခု၊ လက်အိတ် တစ်တန်နှင့် နှာခေါင်းစည်း ၆၇ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများကို ကုမ္ပဏီ ၃၀ မှ ယာဉ်အစီးရေ ၅၂ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။
သြဂုတ်လအတွင်း ယာဉ်အစီးရေ ၄၈၁ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် ၄၅၇ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၈၉ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (အိုးဖြင့်) ၆၃ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၅၆၇၉၀၊ Oxygen Plant ခြောက်ခု၊ အောက်ဆီဂျင် (Generator) ကိုးခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၄၅၉၃၄ ခု၊ Test Kit ၁၄၁၆၄၂ ခု၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၂၈၀၉၃၂ စုံ၊ လက်အိတ် တန် ၄၀ နှင့် နှာခေါင်းစည်း ၆၃၆ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
တင်သွင်းခွင့်ပြု
ဇူလိုင်လအတွင်း ယာဉ်အစီးရေ ၇၄၉ စီးဖြင့် အောက်ဆီဂျင်အရည်(Bowser)ယာဉ်ဖြင့် ၇၂၇ တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) ၅၆၇ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့(အိုးဖြင့်) ၁၁၄ တန်၊ အောက်ဆီဂျင်(အိုးခွံ) ၄၀၄၉၁ ခု၊ အိမ်သုံး အောက်ဆီဂျင်စက် ၆၉၁၄၆ ခု၊ Oxygen Plant ရှစ်ခု၊ Oxygen Generator ၁၁ ခု၊ ဆေးရုံသုံးအောက်ဆီဂျင် ဖြည့်စက် လေးခု၊ Test Kit ၃၂၂၈၇၈ ခု၊ နှာခေါင်းစည်း ၁၁၀၄ တန်၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၁၈၂၉၇၅ စုံ တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက် ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်၊ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများ ပြည်သူရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာ ထားသည့် ဩဂုတ် ၉ ရက်မှ ၁၅ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်း ထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း ပို့ကုန်သွင်းကုန် လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး ပစ္စည်းများ တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်ဖြစ်ပြီး အဆိုပါ ရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန် သွင်းကုန် လိုင်စင်လျှောက်ထားမှုများကိုလည်း ရုံးချိန်အတွင်း ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဩဂုတ် ၈ ရက်နေ့စွဲဖြင့် အသိပေး ကြေညာချက် ထုတ်ပြန်ထားသည်။
စီစဉ်ဆောင်ရွက်ပေးထား
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူ မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီ လိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာန များအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေးကြေညာချက် များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်