ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   စက်တင်ဘာ    ၅ 


အကောက်ခွန်ဦးစီးဌာနအနေဖြင့်    ကိုဗစ်-၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆေးနှင့် ပစ္စည်းများအား  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ   ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ် ရက်မရှိ လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက်ရှိသည်။ 


 ထိုသို့ ထုတ်ဝေရာတွင်  စက်တင်ဘာ ၅ ရက်က ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ  နှစ်ခုမှ Silex 1G Powder For Injection  ၂၀၀၀၊ Azimex Tablet အခု ၅၀၀၀၊ Demoxiclave Tablet အခု  ၂၅၀၀၊  နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ၊ တာချီလိတ်) တွင် ကုမ္ပဏီ ရှစ်ခုတို့မှ၊ Oxygen Concentrator အခု ၁၇၀၀၊ Mask ၁၁၆၀၀ Kg ၊ Liquid Oxygen ၄၀ ဒသမ ၂၆ တန်၊ PPE  အခု  ၂၀၀၀၊  Oxygen Plant  တစ်ခု၊ Cannula အခု ၅၀၀၀၊ Sodium Chloride Injection ၆၀၉၆၀ Kg ၊ Mannitol Injection ၂၆၈၇၃ Kg  တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။      

သတင်းစဉ်