
နေပြည်တော် ဇူလိုင် ၂၉
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA)က ကျန်းမာရေးဓာတ်ခွဲခန်းသုံး ကိရိယာများ နှင့် အကာအကွယ်ပစ္စည်းများအား မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှတစ်ဆင့် လှူဒါန်းခဲ့ရာ မဲဆောက်-မြဝတီ အပြည်ပြည်ဆိုင်ရာဝင်/ထွက်ပေါက်မှတစ်ဆင့် ရန်ကုန်မြို့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ယနေ့ညနေ ပိုင်းက ရောက်ရှိလာပြီး အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ရှိသူများက လက်ခံ ရယူသည်။
ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (TICA) သည် မြန်မာ-ထိုင်း နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေးအောက်မှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကပ်ရောဂါတုံ့ပြန်မှုနှင့် ပြင်ဆင်မှုမြှင့်တင် ရေးစီမံကိန်း၏ အစိတ်အပိုင်းတစ်ရပ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းသုံးကိရိယာ များနှင့် ထောက်ပံ့ပစ္စည်းများကို ရန်ကုန်မြို့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့် မြဝတီမြို့ရှိ အထွေထွေရောဂါကုဆေးရုံကြီးသို့ လှူဒါန်းခဲ့ခြင်းဖြစ်ပြီး မြဝတီမြို့သို့ ၂၀၂၁ ခုနှစ် မတ်လအတွင်း ပို့ဆောင်ပေးခဲ့ပြီးဖြစ်သည်။
ယခု အကြိမ်တွင် ရန်ကုန်မြို့ အမျိုးသားကျန်းမာ ရေးဓာတ်ခွဲမှုဆိုင်ရာဌာနသို့ Real-Time PCR ၊ Automatic Nucleic Acid Purification Instrument ၊ Vortex Mixer ၊ High Speed Centrifuge ၊ Biological Safety Cabinet Class II- Type A2 ၊ PCR cabinet ၊ Autoclave ၊ Pipet Research Plus ၊ DNA/RNA Extraction Kit ၊ Bio indicator စက်များနှင့် PPE ဝတ်စုံများ ရောက်ရှိလှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်