ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် စည်းမျဉ်းစည်းကမ်းများနှင့် ညွှန်ကြားချက်များထုတ်ပြန်၍ ဆောင်ရွက်လျက်ရှိ ပြည်သူများအနေဖြင့် ထုတ်ပြန်ထားသည့် ကိုဗစ် စည်းမျဉ်းစည်းကမ်းများကို တစ်ဦးချင်း တိတိကျကျ လိုက်နာဆောင်ရွက်ကြရန် လိုအပ်

 

နေပြည်တော်  ဖေဖော်ဝါရီ  ၁၇ 


ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ    လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး   အစည်းအဝေး ခန်းမ၌ ကျင်းပရာ  ကိုဗစ် - ၁၉  ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ  နိုင်ငံတော်      စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ  ဒုတိယ ဝန်ကြီးချုပ်     ဒုတိယဗိုလ်ချုပ်မှူးကြီး     စိုးဝင်း   တက်ရောက် အမှာစကားပြောကြားသည်။

 


အစည်းအဝေးသို့    ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့်   ဗိုလ်ချုပ်ကြီး    မြထွန်းဦး၊  ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ဦးမြင့်ကြိုင်နှင့် ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ခွန်သန့်ဇော်ထူး၊ ဦးထွန်းအုံ၊  ဦးဇော်ဝင်း၊  ဒေါက်တာ  အေးထွန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီး များ တက်ရောက်ကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊  တိုင်းဒေသကြီးနှင့်  ပြည်နယ်  ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများက          ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

 


ပိုးတွေ့ရာခိုင်နှုန်း  မြင့်တက်လာ


ဦးစွာ   ကိုဗစ် - ၁၉  ရောဂါ   ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ    နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်မှုသည် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ  နောက်ပိုင်းမှစတင်၍ တဖြည်းဖြည်း မြင့်တက်လာ သည်ကိုတွေ့ရကြောင်း၊ နိုင်ငံတကာတွင် ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ဆောင် ခြင်း၊    တာဝန်ထမ်းဆောင်ရန်    နိုင်ငံတကာက ရောက်ရှိလာခြင်းများရှိပြီး ယင်းအဖွဲ့များမှ ကိုဗစ် Positive တွေ့ရှိသူ ပိုများကြောင်း၊ နယ်စပ်ဂိတ်များမှ တစ်ဆင့် ဝင်ရောက်လာသူများကို စစ်ဆေးရာတွင် လည်း   Positive   တွေ့ရှိသူများရှိကြောင်း၊   ယခု ဖြစ်ပွားနေသည့် အိုမီခရွန်သည် ယခင်ထက် ကူးစက်မှု ပိုမြန်သည်ကို တွေ့ရကြောင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်တွင် တစ်နိုင်ငံလုံး ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၁   ဒသမ  ၄၅  ရှိရာမှ  ဖေဖော်ဝါရီ  ၁၆  ရက်တွင် ပိုးတွေ့ရာခိုင်နှုန်း   ၈  ဒသမ  ၉၈   ရာခိုင်နှုန်းအထိ မြင့်တက်လာခြင်းဖြစ်ပါကြောင်း။

 


ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကြပ်မတ် ထိန်းချုပ်နေသော်လည်း အိုမီခရွန် ကူးစက်မှုမှာ တဖြည်းဖြည်း တိုးလာကြောင်း၊ ရန်ကုန်တိုင်းဒေသ ကြီးသည် ပိုးတွေ့ရှိမှု ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး ၂၀ ဒသမ ၉၉   ရာခိုင်နှုန်းရှိကြောင်း၊     ရန်ကုန် တိုင်းဒေသကြီးသည် ပြည်ပမှ အဝင်အထွက်များခြင်း၊ နယ်စပ်ဂိတ်များမှ ဝင်ရောက်လာသူများ၏ ဆုံရပ် ဖြစ်နေခြင်းတို့ကြောင့် သီးခြား SoP များ ထုတ်ပြန်ပြီး ထိန်းချုပ်ကြပ်မတ်ရန်   ဆောင်ရွက်ထားကြောင်း၊ Quarantine   စင်တာများ၊   Positive စင်တာများ၊ ကုသရေးစင်တာများကို   နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ ဆေးရုံကြီးများတွင် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားကြောင်း၊ ထို့ပြင် အောက်ဆီဂျင် ပြတ်လပ်မှုမရှိ အောင်လည်း စီမံဆောင်ရွက်ထားကြောင်း။

 


နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနက ကိုဗစ်-၁၉  ရောဂါ   ကာကွယ်ရေး၊  ထိန်းချုပ်ရေး၊ ကုသရေးအတွက် လိုအပ်သည့်အစီအမံများ၊ စည်းမျဉ်း စည်းကမ်းများနှင့်   ညွှန်ကြားချက်များ ထုတ်ပြန်၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း၊   ပြည်သူများ အနေဖြင့်လည်း ထုတ်ပြန်ထားသည့် ကိုဗစ် စည်းမျဉ်း စည်းကမ်းများကို တစ်ဦးချင်း တိတိကျကျ လိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများကို စနစ် တကျ ထုတ်ပြန်ခဲ့ပြီး ပြည်သူတစ်ဦးချင်းစီက အသိ စိတ်ဓာတ်ကိုယ်စီဖြင့် လိုက်နာဆောင်ရွက်ခဲ့ကြသည့် အတွက် ကူးစက်မှုနှုန်း သိသိသာသာ လျော့ကျသွား ခြင်းဖြစ်ကြောင်း။

 


 ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်


ယခု ဖြစ်ပွားနေသည့် Omicron သည်  Dalta  မျိုးကွဲထက် ကူးစက်မှုနှုန်း ၄ ဆခန့် မြန်သည်ဟု သိရကြောင်း၊ ထို့ကြောင့် ယခု စတုတ္ထလှိုင်းတွင်လည်း  ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်း စည်းကမ်းများကို တိတိကျကျ လိုက်နာပေးကြရန် မေတ္တာရပ်ခံပါကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်  ဝန်ကြီးချုပ်များအနေဖြင့်လည်း ဒေသခံပြည်သူများ ကို   အသိပညာပေးခြင်း၊   စည်းမျဉ်းစည်းကမ်းများ လိုက်နာရန် မေတ္တာရပ်ခံခြင်း စသည့်ကိစ္စရပ်များကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး မြို့နယ် အလိုက်၊ ရပ်ကွက်အလိုက် ဆော်ဩခြင်း၊ အသိပညာ ပေးခြင်း၊   ထိန်းချုပ်ကြပ်မတ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်    ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး နောက်ဆုံးလိုက်နာ ရမည့် SoP များကို ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ ပြည်သူအားလုံး တစ်ဦးချင်း တိတိကျကျလိုက်နာရန် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသ ကြီးနှင့် ပြည်နယ်အားလုံးတွင် အသိပညာပေးခြင်း၊  ဆွေးနွေးပွဲများ ဆောင်ရွက်ပေးခြင်းတို့အပြင် လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ပြည်သူလူထုအတွင်း    ကိုဗစ်-၁၉    ကူးစက်မြန် အိုမီခရွန်ရောဂါပိုး မိမိအနီးပတ်ဝန်းကျင်တွင် ရှိနေ ကြောင်း    သတိပြုမိစေသည်အထိ   အသိပညာ၊ ဗဟုသုတများ နည်းလမ်းပေါင်းစုံဖြင့် ရောက်ရှိနိုင် အောင်       ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပြီး ပြည်သူလူထု တစ်ဦးချင်းအနေ ဖြင့်လည်း     ပူးပေါင်းလိုက်နာဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။ 

 


ထို့နောက် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်  အရေးပေါ်တုံ့ပြန်ရေးကော်မတီ     အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး   စိုးထွဋ်က   နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကူးစက်ပျံ့နှံ့မှု၊ ရောဂါပိုး တွေ့ရှိမှုနှင့်    သေဆုံးမှု၊     အိမ်နီးချင်းနိုင်ငံများ၌ အိုမီခရွန် ဖြစ်ပွားတွေ့ရှိမှု၊ စစ်ဆေးရေးစခန်းများတွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း များနှင့်      ကျန်းမာရေးစစ်ဆေးဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးမှုများနှင့် ကာကွယ်ဆေး ဆက်လက်ထိုးနှံရေးဆိုင်ရာကိစ္စရပ် များ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ ပြည်ထောင်စု အဆင့်    အဖွဲ့အစည်းများ၊    တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Booster ထိုးနှံပြီးစီးမှု၊ နိုင်ငံ အတွင်း အောက်ဆီဂျင်ထုတ်လုပ်မှု၊ Positive လူနာ များ ကုသနိုင်ရန် စီစဉ်ထားမှုနှင့် Quarantine Center များ ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 


ဆွေးနွေးတင်ပြ


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာ ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊   တိုင်းဒေသကြီးနှင့်   ပြည်နယ် ဝန်ကြီးချုပ်များ၊   ဒုတိယဝန်ကြီးများနှင့်   တာဝန် ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက် သွားမည့်   ကိုဗစ်-၁၉   ရောဂါ   Omicron   မျိုးကွဲ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ငန်းစဉ် များကို ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

 


ထို့နောက် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ   ဒုတိယဥက္ကဋ္ဌ    ဒုတိယ ဝန်ကြီးချုပ်က  ဆွေးနွေးချက်များအပေါ် ပြန်လည် သုံးသပ်ဆွေးနွေးပြီး ဆောင်ရွက်သင့်သည့်လုပ်ငန်း များကို ညှိနှိုင်းပေါင်းစပ်ပေးကာ နိဂုံးချုပ်အမှာ စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။


သတင်းစဉ်