ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် တပ်မတော်(ရေ) အောက်ဆီဂျင်စက်ရုံများမှ အောက်ဆီဂျင်ထုတ်လုပ်ဖြန့်ဝေနိုင်ရေးဆောင်ရွက်

 

နေပြည်တော်   ဇူလိုင်   ၃၁  


ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော တပ်မတော် ဆေးရုံများ၊ ကိုဗစ်-၁၉ ရောဂါ ကုသရေးစင်တာများ၊ မြို့နယ် ပြည်သူ့ဆေးရုံများ၊ အရပ်ဘက်ပရဟိတ အဖွဲ့အစည်းများနှင့် အရေးပေါ်လူနာများအား လိုအပ် သောအောက်ဆီဂျင် ထောက်ပံ့ပေးနိုင်ရေးအတွက် တပ်မတော်(ရေ) ရေတပ်သင်္ဘောကျင်းဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ဌာနချုပ်များတွင် အောက်ဆီဂျင် စက်ရုံများ     တည်ဆောက်တပ်ဆင်လျက်ရှိရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်ချက် အရ သန်လျင်မြို့နယ်ရှိ ရေတပ်သင်္ဘောကျင်းဌာန ချုပ်(သီလဝါ)တွင် ယခုထပ်မံအသစ်တပ်ဆင်လျက် ရှိသည့် KZO 100 Oxygen Plant မှ တစ်နာရီလျှင် ၁၀၀ ကုဗမီတာနှုန်းဖြင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး ၄၀၀ အထိ ထပ်မံတိုးမြှင့်ထုတ်လုပ် ၍ လည်းကောင်း၊  ဓညဝတီရေတပ်စခန်းဌာနချုပ် ကျောက်ဖြူမြို့နယ်ရှိ စစ်တောတွင် တပ်ဆင်လျက် ရှိသော အောက်ဆီဂျင်စက်ရုံမှ တစ်နာရီလျှင် ၅၀ ကုဗမီတာနှုန်းဖြင့်   တစ်ရက်လျှင်  လီတာ  ၄၀ ဆံ့ အောက်ဆီဂျင်အိုး  အလုံး   ၂၀၀   ကို လည်းကောင်း၊ တနင်္သာရီ ရေတပ်စခန်းဌာနချုပ် ကျွန်းစုမြို့နယ် တွင်တပ်ဆင်လျက်ရှိသော အောက်ဆီဂျင်စက်ရုံမှ တစ်နာရီလျှင် ၃၀ ကုဗမီတာနှုန်းဖြင့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်ဆီဂျင်အိုး အလုံး ၁၂၀ တို့ကို လည်းကောင်း   အသီးသီးထုတ်လုပ်ပေးနိုင်မည် ဖြစ်ပြီး      အဆိုပါ      အောက်ဆီဂျင်စက်ရုံများမှ  သက်ဆိုင်ရာမြို့နယ်များရှိ တပ်မတော်ဆေးရုံများ၊ ကိုဗစ်-၁၉   ရောဂါ  ကုသရေးစင်တာများ၊  မြို့နယ် ပြည်သူ့ဆေးရုံများ၊ အရပ်ဘက်ပရဟိတအဖွဲ့အစည်း များနှင့် အရေးပေါ်လူနာများသို့ ဖြန့်ဖြူးပေးသွားနိုင် မည်ဖြစ်ကြောင်း သတင်းရရှိသည်။        

 

သတင်းစဉ်