
နေပြည်တော် စက်တင်ဘာ ၁၈
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေး ဆေးနှင့်ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ် ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။ ထိုသို့ ထုတ်ပေးရာတွင် စက်တင်ဘာ ၁၈ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီလေးခုမှ Paclimark Injection အခု ၁၀၀၀၊ Zinc Capsules အခု ၃၀၀၀၀၊ Spirulian Capsules အခု ၆၄၀၀ ၊ Vitalty Softgels အခု ၆၀၀၀၊ Chitosan Capsules အခု ၄၀၀၀၊ Multivitamin & Multimineral Tablets အခု ၁၄၄၀၊ Mixtard 30 100Iu အခု ၃၂၀၀၀။
ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Plants နှစ်ခု၊ Oxygen Cylinder အခု ၁၁၀၀၊ Face Mask အခု ၂၃၆၄၀၀၀ ၊ Oxygen Mask အခု ၅၅၀၀၀၊ Pluse Oximeter အခု ၁၄၀၀ နှင့် ဆေးမျိုးစုံ ၃၅ မျိုး ၁၇၈၅၆၉.၄၃ Kg ။
နယ်စပ်(မူဆယ်၊ တာချီလိတ်၊ ချင်းရွှေဟော်၊ မြဝတီ) တွင် ကုမ္ပဏီ ၁၉ ခုတို့မှ ၊ Oxygen Cylinder အခု ၅၀၄၀၊ Oxygen Concentrator အခု ၂၁၀၊ Mask ၆၁၀၀ Kg၊ Liquid Oxygen ၁၄၆၂၇ m3၊ Cannula အခု ၇၆၀၀၀၊ Flow Meter/ Regulator အခု ၁၀၃၃၊ PPE အခု ၅၀၀၊ Oxygen Plant ခြောက်ခု ၊ Oxygen Mask အခု ၇၅၀၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်