ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်  စက်တင်ဘာ  ၂၀


အကောက်ခွန်ဦးစီးဌာနအနေဖြင့်    ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို  ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ   စစ်ဆေးထုတ်ပေး လျက်ရှိသည်။  စက်တင်ဘာ ၂၀  ရက်က   ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်  ကုမ္ပဏီ သုံးခုမှ Zinc Tablets ၁၄၆ ခု၊ Paracetamol Tablets  ၃၈၃၂ ခု၊  Benzyl Benzoate Lotion ၁၁၅၀၊ Phytomenadi အခု ၆၀၊ Vitamin-C Tablets ၇၀၇၄ ခု၊ Vitamin-C + Zinc Tablets ၅၀၄၄ ခု၊ Amero Powder For Injection အခု ၁၅၀၀၀၊ Faceshield အခု ၁၇၀၀၀၊ Thermometer ၁၂၇၇ ခု၊ Mask အခု ၈၅၀၊ Gloves ၃၂၂ ခု၊ PPE သုံးခု၊ Oxygen Supply ၄၇၆ ခု၊ Flow Splitter For Oxygen Concentrator ၃၄ ခု၊ Pulse Oximeter ၁၇ ခု၊ Iehk 2017, Kit, Basic Unit ၄၂ ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Plant အခု ၅၀၊ Oxygen Flow Meter အခု ၂၄၀၀၊ Oxygen Cylinder ၆၈၇ ခု၊ Oxygen Concentrator အခု ၁၈၀ နှင့် ဆေးဝါးမျိုးစုံ ၃၅ မျိုး (၂၆၃၃၃၃ ဒသမ ၅၉)Kg၊ နယ်စပ်(မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ၁၈ ခုတို့မှ Oxygen Cylinder အခု ၃၁၈၀၊ Mask ၂၅၂၀၀ Kg၊ Liquid Oxygen ၁၅၀၆၂ m3၊ Flow Meter/Regulator အခု ၅၆၀၊ PPE ၁၉၆၈ ခု၊ Oxygen Plant ငါးခု၊ Liquid Stroge Container တစ်ခု၊ Oxygen Colling Tower တစ်ခု၊ Liquid Gas Conversion တစ်ခု၊ Oxygen  Booster တစ်ခု၊  Supercharger For Oxygen Plant  တစ်ခု၊ Sodium Chloride Injection ၆၀၇၂၀ Kg၊ Trolley အခု ၁၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။                       သတင်းစဉ်