ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်ထုတ်ပေး

 

နေပြည်တော်  မတ်  ၂၆


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊  ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ် အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေးထုတ်ပေးလျက်ရှိရာ မတ် ၂၆ ရက်တွင် ရန်ကုန်ဆိပ်ကမ်းများမှ Infusion Set ၄၀၀ ၊ Scalp Vein Set ၁၂၀၀၀ နှင့် ဆေးဝါးမျိုးစုံ ၁၄ မျိုး စုစုပေါင်း ၅၃၂၁၀.၇၆ KG၊ နယ်စပ် (ကန်ပိုက်တီ)တွင် Surgical Mask အခု ၁၂၀ ၊ Examination Glove ၁၀၀ တို့ကို  ထုတ်ပေးကြောင်း သတင်းရရှိသည်။  

သတင်းစဉ်