
နေပြည်တော် အောက်တိုဘာ ၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ပစ္စည်းများအား နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၃ ရက်က နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီသုံးခုတို့မှ Mask ၂၃၈၀၀ Kg ၊ Liquid Oxygen ၁၅၃၆၂ m3 ၊ Vitamin C Tablets ၂၁၃၅ Kg ၊ Fish Liver Oil Capsule ၂၄၃၉၀ Kg တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်