
နေပြည်တော် စက်တင်ဘာ ၂၇
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူ ချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ စက်တင်ဘာ၂၇ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် ကုမ္ပဏီ ခြောက်ခုမှ Covifor Lyophilized Powder For Injection ၁၀၀၀၀၊ Esomeprazole Tablet ၄၆၉၅ ခု၊ Pantocid Tablet ၁၄၂၇၂ ခု၊ Vitamin-C Tablet ၁၀၀၃၆ ခု၊ COVID-19 Antigen Card Test ၂၀၄၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ Face Shield ၅၀၀၊ S/P Oxygen Plant နှစ်ခု၊ Mask ၂၀၀၊ Oxygen Plant ငါးခု၊ Oxygen Cylinder ၅၃၀၉ ခု၊ Regulator/Flow Meter ၆၈၀ နှင့် ဆေးဝါးမျိုးစုံ ၃၁ မျိုး (၂၆၉၅၄၅ ဒသမ ၂၉) KG ၊ နယ်စပ်(မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ ငါးခုတို့မှ Liquid Oxygen ၁၅၂၈၅m3 ၊ PPE ၁၅၀၀၀ ၊ Sodium Chloride Injection ၁၀၁၄၄၀KG၊ Syringe ၂၀၀၉၆KG၊ Infusion ၂၇၀၀၊ Zinc Sulphate Tablets ၁၉၅၀KG ၊ Enoxaparin Sodium Injection ၁၂၀KG ၊ Glocose Injection ၂၀၄၈၀KG တို့ကို ထုတ်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်