
နေပြည်တော် မေ ၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ မေ ၉ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Syring With Needle ၄၀၂၀ ၊ Syringe Without Needle ၄၀၅ ခု၊ Insulin Syringe With Needle ၅၀၀ ၊ ဆေးဝါးမျိုးစုံ ၁၇ မျိုး စုစုပေါင်း ၄၇၄၆၉ ဒသမ ၆၃ Kg ၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ တစ်ခုမှ Surigical Gowns ၁၄၀၀၀ Kg ၊ Digital Blood Pressure Monitor ၁၀၇၀ ၊ Thermometer ၃၅၅၀ ၊ Nebulizer ၁၄၀ ၊ Infrared Forehead Thermometer ၂၃၀၊ Oxygen Face Mask ၂၅၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်