ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်‌စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်   မေ   ၃
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား  ရေကြောင်း၊  ဆိပ်ကမ်းနှင့်  နယ်စပ်ဂိတ် အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ မေ ၃ ရက်၌  ရန်ကုန်ဆိပ်ကမ်းများမှ  ဆေးဝါးမျိုးစုံ ၅၀  စုစုပေါင်း ၈၀၅၇၈ ဒသမ ၂၁ KG၊ နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီ တစ်ခုမှ Disposable Syringe အခု ၂၀၅၅၀၊ Infusion Set အခု ၇၇၆၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်