
နေပြည်တော် ဧပြီ ၂၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိရာ ၂၅-၄-၂၀၂၂ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Dry Imaging Film ၁၁၆ ခု၊ Dialyzer ၁၁၇ ခု၊ Hemodialysis Blood Tubing Set ၄၁၈ ခုနှင့် ဆေးဝါးမျိုးစုံ ၁၂ မျိုး စုစုပေါင်း ၁၂၈၉၅၄ ဒသမ ၄၄ Kg နယ်စပ်(ချင်းရွှေဟော်)တွင် ကုမ္ပဏီတစ်ခုမှ Disposable Syringe ၁၅၄၂၆ ခု၊ Scalp Vein Set ၃၈၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်