ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် ဇန်နဝါရီ ၂၁


အကောက်ခွန်ဦးစီးဌာနအနေဖြင့်   ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား  ရေကြောင်း၊  လေကြောင်း၊ ဆိပ်ကမ်းနှင့်   နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။   ထိုသို့ထုတ်ပေးရာတွင်   ဇန်နဝါရီ   ၂၁ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် ကုမ္ပဏီ တစ်ခုမှ Vaccine (VERO CELL) ၅၀၀၀၀ ၊ ရန်ကုန်ဆိပ်ကမ်းများမှ 4-LEGS Walk Assistant/Walker ၁၅၆ ခု၊  Wheel Chair ၂၈၆ ခု၊ Commode Chair ၄၆ ခု၊ Aluminium Quadcane အခု ၅၀၊ Steel Backrest ၁၂ ခု၊ ဆေးဝါးမျိုးစုံ ၂၃ မျိုး စုစုပေါင်း  (၅၅၁၇၇ ဒသမ ၆၉) KG ၊ နယ်စပ် (ချင်းရွှေဟော်) တွင်  ကုမ္ပဏီ  တစ်ခုမှ Pai Ome III Capsule  အခု ၂၅၈၆၀၊ Glucose Injection  ၁၇၅၆၈ ခု၊  Sai Vc Injection  အခု ၃၉၂၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။


သတင်းစဉ်