
နေပြည်တော် ဇန်နဝါရီ ၁၅
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများကို ရေကြောင်း၊ ဆိပ်ကမ်းအသီးသီးမှ နေ့စဉ် လွယ်ကူစွာချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ဇန်နဝါရီ ၁၅ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Radiographic X-RAY Unit ငါးခု၊ Operation Table ခုနစ်ခု၊ Operation Light ကိုးခု၊ Lead Glass ငါးခု၊ Lead Sheet Thickness သုံးခု၊ Lead Apron ငါးခု၊ Examination Gloves ၃၄၀၀၀ ခု စုစုပေါင်း ၂၆၇၉၅ Kg တို့အား ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်