ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး  ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ


 

 

နေပြည်တော်  အောက်တိုဘာ  ၁၉


အကောက်ခွန်ဦးစီးဌာနအနေဖြင့်     ကိုဗစ်-၁၉   ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးပစ္စည်းများအား  ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေး ထုတ်ပေးလျက် ရှိသည်။  ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၁၉ ရက်၌ ရန်ကုန် ဆိပ်ကမ်းများမှ Digital Blood Pressure Monitor ၁၆၀၁၅ ခု၊ Oxygen Plant ရှစ်ခု၊ ဆေးဝါးမျိုးစုံ ငါးမျိုး (၈၉၈၀၄.၃၅ Kg)၊  နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ သုံးခုတို့မှ Mask  ၃၅၈၄၇ Kg၊ PPE  အခု ၃၈၇၀၀ ၊ Liquid Oxygen ၁၅၃၂၃ m3 တို့ကို  ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။             
သတင်းစဉ်