ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော် အောက်တိုဘာ ၁၅


အကောက်ခွန်ဦးစီးဌာနအနေဖြင့်     ကိုဗစ်-၁၉   ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊   ကုသရေးပစ္စည်းများ အား  ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊  နယ်စပ်ဂိတ်အသီးသီး မှ    နေ့စဉ်လွယ်ကူချောမွေ့စွာ  စစ်ဆေး      ထုတ်ပေးလျက်ရှိသည်။

 


ထိုသို့    ထုတ်ပေးရာတွင် အောက်တိုဘာ ၁၅ ရက်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ  လေဆိပ်၌ ကုမ္ပဏီသုံးခုမှ Enoxabio Injec-tion ၈၈၀ ၊ Vitamin D3 400 IU ၃၂၄၀ ၊  Nervit Tablet ၃၉၆၀ ၊ Aminothyst  Tablet   ၅၀၀၀ ၊  Victal-C   Tablet    ၁၁၂၀  ၊  ရန်ကုန်ဆိပ်ကမ်းများမှ Oxygen Concentrator ၇၅၈ ခု၊ Oxygen Cylinder ၂၇၅ ခု၊ Regulator ၄၀၊ Oxygen Plant ငါးခု၊ Oxymiter ၁၀၀ ၊     ဆေးဝါးမျိုးစုံ    ၄၄   မျိုး ၄၁၅၇၀၂.၉၇   Kg ၊      နယ်စပ် (မူဆယ်၊   ချင်းရွှေဟော်)တွင် ကုမ္ပဏီလေးခုတို့မှ   Oxygen Cylinder  ၁၀၄  ခု၊ Spray Gun ၈၀   ၊  Mask   ၁၈၉၇၀  Kg ၊  PPE  ၄၇၅ ခုတို့ကို  ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။  

      
သတင်းစဉ်