ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   အောက်တိုဘာ  ၁၄


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉  ရောဂါ    ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးပစ္စည်းများအား  ရေကြောင်း၊  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ် လွယ်ကူချောမွေ့စွာ  စစ်ဆေး ထုတ်ပေးလျက်ရှိသည်။  ထိုသို့ထုတ်ပေးရာတွင်  အောက်တိုဘာ ၁၄ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်   ကုမ္ပဏီခြောက်ခုမှ Betavit-Capsule ၂၄၃ ခု၊  AtinveJi Capsule ၃၅၄ ခု၊  Seroflo Inhaler Tablet ၁၄၉၉၄ခု၊ Udihep Tablet အခု ၃၀၀၀၀၊ Udihep Forte Tablet အခု ၆၀၀၀၊ Orgapen Injection အခု ၁၀၀၀၊ Rebocef-S Injection အခု ၁၀၀၀၀၊ Orgacef Injection  အခု ၁၀၀၀၊ Endoclav- 625 Tablet  အခု ၁၀၀၀၊ Lamipine-T Powder For Injection အခု ၅၄၀၊ Cefoperadox-Plus Injection အခု ၉၉၂၀၊ Rapid Testkit အခု ၅၀၀၀။ 

 


ရန်ကုန်ဆိပ်ကမ်းများမှ   Oxygen Plant ငါးခု၊ Oxygen Concen-trator ၁၅၅ခု၊ Oxygen Regulator အခု ၄၀၀၊ Oxygen Cylinders အခု ၁၈၀၀၊ Oximeter အခု ၂၀၀၀၊ ဆေးဝါးမျိုးစုံ ၃၅ မျိုး ၄၆၉၅၅၁.၀၅ Kg။

 


နယ်စပ်(မြဝတီ၊ မူဆယ်၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ ခုနစ်ခုတို့မှ Liquid Oxygen ၁၅၄၂၀ m3၊ Mask ၃၃၃၄၅ Kg၊ Glove ၁၀၀၇၃ Kg၊ Oxygen Generator သုံးခုတို့ကို  ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။                                                                     

သတင်းစဉ်