ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊  ကုသရေး  ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်   အောက်တိုဘာ   ၄ 


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ရောဂါထိန်းချုပ်၊ ကုသရေး ပစ္စည်းများအား ရေကြောင်း၊လေကြောင်း၊ဆိပ်ကမ်း၊နယ်စပ်ဂိတ်အသီးသီးမှ  နေ့စဉ်လွယ်ကူချောမွေ့စွာ   စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၄ ရက်၌  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီတစ်ခုမှ  Vzone-S  1000   Injection  (Cefoperazone  500mg)၂၀၀၀၀၊ Vipra-CZ(Vitamin C-500+zinc-20 mg) ၅၀၀၀၊  ရန်ကုန်ဆိပ်ကမ်းများမှ Medical Device ၂၆၂၅၂ ခု၊ Oxygen  Concentrator  ၂၈၅ ခု၊ Oxygen Cyclinder ၄၇၁ခု၊Oxygen Regulator ၄၅၀ ၊  Pluse  Oximeter ၅၀၀ နှင့် ဆေးဝါးမျိုးစုံ  ၆၇ မျိုး  ၁၈၃၅၉၀ .  ၉၃ Kg ၊ နယ်စပ် (မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ ခြောက်ခုတို့မှ  Oxygen Cylinder ၁၀ ခု၊ Oxygen Plant  နှစ်ခု၊ Oxygen Gas ၆၀ m3၊ Liquid Oxygen ၁၅၂၁၅  m3 ၊ Salbutamol ၂၄၇၅ KG၊ Scalp  Vein Set  ၉၈၀၀ ၊ Hydro-Chloride Tablets ၁၈၉၀ KG၊ Mask ၆၆၀၀ KG၊ Syringe ၁၇၁၆၀ ၊ Fish Liver  Oilcapsule ၃၇၄၄ KG၊ Infusion ၇၄၄ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သိရသည်။                                                    
သတင်းစဉ်