ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့်ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်  ဩဂုတ်   ၁၄


အကောက်ခွန်ဦးစီးဌာနအနေဖြင့်  ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊      ကုသရေးပစ္စည်းများ အား  လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ   ရုံးပိတ် ရက်ရှည်ကာလအတွင်း     နေ့စဉ် ရုံးပိတ်ရက်မရှိ   လွယ်ကူချောမွေ့ စွာ    စစ်ဆေးထုတ်ပေးလျက်ရှိရာ   ဩဂုတ်    ၁၄    ရက်၌  ရန်ကုန်    အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီ  ၅၈  ခုမှ Flow meter  ၆၀၀၀၊ Nasal  Cannula  ၂၀၀၀၊ Nasal tube ၄၀၀ ၊ Oximeter ၂၈၀၀ ၊ Oxygen anylist gauge သုံးခု၊  Oxygen   Bag  ၁၅၀ ၊ Oxygen Concentrator ၁၉၄၄ ခု၊Oxygen Cylinder ၃၀ ၊ Oxygen Inhalator ၄၀၀ ၊ Oxygen Mask ၃၅၀၀ ၊ Oxygen Tube  ၆၀၀ ၊ Regulator ၄၇၁၀ ၊ Spirometer ၁၂ ခု၊ Sprayer Head ၁၃၀၀၀၀၊Tharmometer ၁၁၀၀ ၊ Sodium Injection 40 MG ၅၀၀၀ ၊ Lomo 40 Injection ၈၀၈၉၂ ခု၊ U-Tryp 100000  IU  Injection ၂၃၄၄ ခု၊   ရန်ကုန်ဆိပ်ကမ်းများတွင် ကိုဗစ်-၁၉    ကာကွယ်ကုသဆေးနှင့်         အခြားဆေးမျိုးစုံ ၄၈၂၇၆.၂၃ Kg ၊ နယ်စပ်(မူဆယ်၊ မြဝတီ၊ ချင်းရွှေ ဟော်၊ ကန်ပိုက်တီး)တွင် ကုမ္ပဏီ ၃၀ မှ  Oxygen Cylinder ၇၄၉၈ ခု၊  Oxygen  Concentrator ၁၁၅ ခု၊ Mask ၂၀၃၇၄ kg ၊ Flow meter ၄၅၅၄ ခု၊ PPE ၃၇၈၀၀ ၊ Liquid Oxygen  ၁၅၃၂၃  m3 ၊  Liquid Oxygen  ၄၀.၄၇  တန်၊  Oxygen Mask ၂၀၀၀၀  ၊   Protective Goggle ၂၀၀ ၊ Disposable   Cap ၁၅၀  kg ၊ Oximeter ၁၀၀၄ ခု၊ Oxygen  Liquid Storage  Tank သုံးစုံ၊ Oxygen Regulator ၇၀၀၀  တို့ကို      ထုတ်ပေးခဲ့ကြောင်း     သတင်းရရှိသည်။    

  သတင်းစဉ်