
နေပြည်တော် အောက်တိုဘာ ၁၆
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက် ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၁၆ ရက်၌ ရန်ကုန်ဆိပ်ကမ်း များမှ Oxygen Cylinder ၄၈၀၊ Oxygen Generator နှစ်ခု၊ ဆေးဝါးမျိုးစုံ ၁၀ မျိုး ၇၈၉၈၀၂.၅၂ Kg ၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီ ရှစ်ခုတို့မှ Mask ၃၃၅၆၆ Kg ၊ Liquid Oxygen ၁၅၃၃၁ m3 ၊ Oxygen Plant နှစ်ခု၊ Face Shield ၁၆၂ Kg၊ ၊ PPE ၅၀၁၃၆ ခု၊ Gloves ၂၅၃၂ Kg ၊ Syringe ၃၀၂၄၇၅၀၊ Infusion ၁၂၇၈၀၊ Digital Blood Pressure Cuff ၁၉၅၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်