
နေပြည်တော် စက်တင်ဘာ ၁၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ် ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည်ကာလအတွင်း နေ့စဉ်ရုံးပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၁ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီ ၁၀ ခုမှ Citiq 500 Alu Alu ၉၉၀၀၊ Inpro 40 Injection ၂၀၀၀၊ Ztfam Panzo Injection ၄၉၉၂၀၊ Metagard Tablet ၁၉၅၆၁ ခု၊ Solvin Tablet ၂၅၆၀၀၊ Dexamethasone Sodium Phoshate Injection ၅၀၀၀၀၀၊ Faxoday 120 Tablet ၅၀၀၀၊ Fabimer-400 Tablet ၅၀၀၊ Fondaparinux Sodium Injection ၄၅၀၅၊ Axaparin 60Mg ၁၅၀၀၀။
ရန်ကုန်ဆိပ်ကမ်းများ
ရန်ကုန်ဆိပ်ကမ်းများမှ Mask ၁၁၇၁ ခု၊ Oxygen Cylinder ၁၈၀၊ Oxygen Regulator ၁၈၀၊ Oxygen Generator သုံးခု နှင့် ဆေးမျိုးစုံ ၁၁ မျိုး ၂၁၄၁၈ ဒသမ ၈ Kg ၊ နယ်စပ် (ချင်းရွှေဟော်၊ မြဝတီ၊ မူဆယ်၊ တာချီလိတ်) တွင် ကုမ္ပဏီ ၁၉ ခုတို့မှ Oxygen Cylinder ၂၁၅၀၊ Oxygen Concentrator တစ်ခု၊ Mask ၂၈၇၀၀ Kg ၊ Liquid Oxygen ၁၅၁၇၄ m3 ၊ Liquid Oxygen ၁၉ တန်၊ Flow Meter ၁၀၈ ခု၊ PPE ၃၆၀၀၀၊ Oxygen Plant ရှစ်ခု၊ Hydrochloride Injection ၁၇၈၁၉ Kg ၊ Face Shield ၂၂၅၀ Kg ၊ Vitamin C Tablets ၁၀၄၈၈ Kg ၊ Liquid Storage Container တစ်ခု၊ Distributor တစ်ခု၊ Oxygen Mask ၆၂ ခု တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်