
နေပြည်တော် စက်တင်ဘာ ၁၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား လေကြောင်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် စက်တင်ဘာ ၁၉ ရက်က ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီသုံးခုမှ Pantabrooks Injection အခု ၂၀၀၀၊ Oxygen Concentrator အခု ၄၀၀၊ နယ်စပ်(မြဝတီ၊ ချင်းရွှေဟော်) တွင် ကုမ္ပဏီကိုးခုတို့မှ Oxygen Cylinder အခု ၈၀၀၊ Oxygen Concentrator ၁၂ ခု၊ Mask ၆၀၅၀ Kg ၊ Cannula အခု ၅၀၀၀၊ Oxygen Plant လေးခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်း ရရှိသည်။
သတင်းစဉ်