ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်   မေ  ၃၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉   ရောဂါ   ကာကွယ်၊ ထိန်းချုပ်၊  ကုသရေးပစ္စည်းများ အား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ်ဂိတ်အသီး သီးမှ    နေ့စဉ်လွယ်ကူချောမွေ့ စွာ     စစ်ဆေးထုတ်ပေးလျက် ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် မေ ၃၁ ရက်၌  ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်တွင်  ကုမ္ပဏီ ၁၂ ခုမှ Kalxid 480MG Tablet ၃၀၀၀၊ Megabis 2.5  Tablet  ၁၉၉၀၊ Megabis 5 Tablet ၉၉၀၊ Evening Primrose Oil 1000MG  with Mitamine ၁၀၅ ခု၊ Trivedon MR Tablet ၉၈၅၄ ခု၊ Medicine Warf 5 Tablet ၈၁၀၊ Tiova Rotacap Capsule ၁၉၉၆၀ ၊ Seroflo 125 Inhaler ၅၀၄၀၊ Panimun Bioral 25MG  ၁၀၀၀၊  Pangraf 1.0 ၅၀၀၀၊  Pangraf 0.5  ၄၃၈  ခု၊ Panimun Bioral 50MG ၂၀၀၀၊ Tenepan ၁၄၃၂၈ ခု၊ Omniscan 0.5 MMol  ၅၀၁ ခု၊ Visipaque 320 MGI/ML ၁၂၀၊ NAPA 500 Suppository ၂၉၆၉၃ ခု၊ Skineal Cream ၇၂၀၀၀၀  ဆိပ်ကမ်းများမှ ဆေးဝါးမျိုးစုံ ၄၀ မျိုး၊  ၅၉၇၄၉ ဒသမ ၁၃ Kg နှင့် နယ်စပ် (ချင်းရွှေ ဟော်)တွင်     ကုမ္ပဏီနှစ်ခုမှ Oxygen  Plant  တစ်ခု၊  PPE ၅၀၀၀၀ တို့ကို  ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။       
သတင်းစဉ်