ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသ‌ရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

 

နေပြည်တော်    မေ    ၁၇
အကောက်ခွန်ဦးစီးဌာနအနေ‌ဖြင့်    ကိုဗစ်-၁၉  ရောဂါ   ကာကွယ်၊    ထိန်းချုပ်၊     ကုသရေး ပစ္စည်းများအား     ရေကြောင်း၊    လေကြောင်း နှင့်    ဆိပ်ကမ်းအသီးသီးမှ   နေ့စဉ်လွယ်ကူ ချောမွေ့စွာ       စစ်ဆေးထုတ်ပေးလျက်ရှိ သည်။ 
ထိုသို့ထုတ်ပေးရာတွင်  မေ ၁၇  ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာ    လေဆိပ်တွင် ကုမ္ပဏီ ၁၂ ခုမှ Zibus Tablet အခု ၁၃၃၂၅၀၊ Levowise Tablet   အခု   ၁၀၂၇၀၊  Omebit  Capsule ၇၀၃၃ ခု၊ Adplatin Injection အခု ၈၀၀၊ Oa Ofloxacin Tablet ၅၀၀၃ ခု၊ ABC  Tablet အခု  ၆၈၈၈၀၊  Nectram Power for Injection ၃၁၇၂၅ ခု၊ Emflozin Tablet အခု ၂၉၅၈၀၊ Vibran Tablet ၂၂၉၅ ခု၊ Herceptin Infusion သုံးခု၊ Carditas Retard Tablet ၅၈၈၄၈ ခု၊     Rabium  Tablet   ၁၈၇၉၄  ခု၊ Emberta XR-25 Tablet  ၉၇၂၇  ခု၊  Cetil Tablet   အခု  ၁၇၃၆၀၊  Claminat Sachet ၄၂ ခု၊   Contiflo OD Capsule   ၂၅၈၂၈  ခု၊ Roliten  Tablet    အခု  ၁၀၈၀၊   Encorate Chrono Tablet ၃၇၉၉ ခု၊ ရန်ကုန်ဆိပ်ကမ်း များမှ  ဆေးဝါးမျိုးစုံ ၃၉ မျိုး စုစုပေါင်း ၈၀၂၃၅ ဒသမ ၇၄  Kg တို့ကို     ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်