
နေပြည်တော် အောက်တိုဘာ ၂၉
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများအား ရေကြောင်း၊ လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ နေ့စဉ် လွယ်ကူချောမွေ့စွာ စစ်ဆေး ထုတ်ပေးလျက်ရှိသည်။ ထိုသို့ထုတ်ပေးရာတွင် အောက်တိုဘာ ၂၉ ရက်၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကုမ္ပဏီငါးခုမှ Aziled Tablet ၃၃၃၃၃ ခု၊ Cebay Tablet ၁၄၄၀၊ Ultop Tablet ၁၅၀၀၊ Sol-U-Pred Injection ၇၃၅၀၊ Menem Injection ၂၀၀၀၊ Azi-thromycin Sandoz Tablet ၂၄၀၁၇ ခု၊ Meropenem Injection ၃၀၃၇ ခု၊ N95 Masks ၁၄ခု၊ ရန်ကုန်ဆိပ်ကမ်းများမှ Syringe ၁၄၅၄၂ ခု၊ Drageranaesthetic Machine အခု ၂၀၊ Mask ၈၇၁၀၀၊ Mindray Hand Carry Bag ၁၀၊ Diagnostic UL Trasound System Mindray ၂၃ခု၊ X-Ray Machine လေးခု၊ Oxygen Generator သုံးခု၊ Oxygen Concentrator ၂၀၊ ဆေးဝါးမျိုးစုံ ၅၄ မျိုး ၅၄၇၄၅၅.၅၈KG၊ နယ်စပ် (မြဝတီ၊ ချင်းရွှေဟော်)တွင် ကုမ္ပဏီ သုံးခုမှ Mask ၁၂၅၁၁ KG၊ Liquid Oxygen ၁၅၃၄၆ m3၊ Vitamin C Injection ၁၁၄၀၀ KG၊ Glucose Injection ၂၄၄၈၀KG၊ Vitamin B1 Injection ၆၀၀၀KG၊ Syringe ၁၃၆၁၆ ခုတို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်