
နေပြည်တော် ဇူလိုင် ၃၀
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီးမှ ရုံးပိတ်ရက်ရှည် ကာလအတွင်း နေ့စဉ်ပိတ်ရက်မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေး လျက်ရှိရာ ဇူလိုင် ၃၀ ရက်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၁၂၆ ခုမှ အိမ်သုံးအောက်ဆီဂျင်စက် ၄၈၉၆ ခု၊ Oximeter ၃၃၈၀၀၊ Oxygen Inhalator ၁၀၀၀၀၊ COVIPAS Tablet 400 mg ၂၄၀၀၊ FRAVIR Tablet ၅၀၀၊ Flowmeter ၂၃၈၀၊ Medical Isolation Mask ၁၂၀၀၊ Test Kit အခု ၉၀၀၊ Oxygen Mask ၁၁၀၀၊ Nasal Cannula ၁၀၀၊ Spare Part For Oxygen Concentrator ၆၄ ခု၊ Oxygen Regulator ၃၆၅၀၊ Oxygen Tube ၄၅၀၀၊ Oxygen Pipe ၈၅၀၊ Oxygen Refill Machine သုံးခု၊ KN95 Mask ၁၀၀၀၀၊ ရန်ကုန်ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ် ကုသဆေးနှင့် အခြားဆေးမျိုးစုံ ၃၆ မျိုး (၆၁၇၈၃ ဒသမ ၁၄ ကီလိုဂရမ်)၊ နယ်စပ် (မူဆယ်၊ ချင်းရွှေ ဟော်၊ မြဝတီ၊ ကျိုင်းတုံ၊ ကော့သောင်း)တွင် ကုမ္ပဏီ ၄၀ မှ Disposable / Surgical Masks ၈၈၇၁၇ ကီလိုဂရမ်၊ Non Woven Interlining Fabric ၂၀၀၀ ကီလိုဂရမ်၊ အောက်ဆီဂျင် အရည် ၂၀ ကုဗမီတာ၊ အိမ်သုံးအောက်ဆီဂျင် စက် ၂၈၃ ခု၊ Oxygen Cylinder ၆၉၅၄ ခု၊ Flow meter ၁၄၀၁ ခု၊ Oximeter ၅၆၆ ခု၊ PPE Gown ၂၈၄၂၀၊ Oxygen Plant သုံးခု၊ Oxygen Masks ၆၂၀၀၊ Oxygen Pack ၅၂၀၀၊ Mask Making Machine တစ်ခု၊ Regulator ၁၀၀၀ တို့ကို ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်