ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆေးနှင့် ဆေးပစ္စည်းများ နေ့စဉ်စစ်ဆေးထုတ်ပေးလျက်ရှိ

 

နေပြည်တော်   ဇူလိုင်   ၂၅


အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေး၊ ဆေးနှင့် ဆေးပစ္စည်းများအား လေကြောင်း၊ ဆိပ်ကမ်း၊ နယ်စပ်ဂိတ်အသီးသီး မှ ရုံးပိတ်ရက်ရှည်ကာလ အတွင်း နေ့စဉ်ရုံးပိတ်ရက် မရှိ လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိရာ ၂၅-၇-၂၀၂၁ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကုမ္ပဏီ ၉၄ ခုမှ Oxygen Concentrator ၂၆၇၆ ခု၊ Oximeter ၂၂၀၉၀ ၊  Oxygen Regulator ၁၅၉၀ ၊ NILRISE FAVIPIRAVIR TABLET ၁၀၀ ၊  Test Kit ၄၇၂၉၃ ခု၊ Nasal Cannula ၁၂၀ ၊ Testing Reagent ၃၃၂၀၀ ၊ Flow Meter ၄၀၀ ၊ Oxygen Inhalator ၅၁၅ ခု၊ Oxygen Mask ၁၀၀၀ ၊ ရန်ကုန် ဆိပ်ကမ်းများမှ ကိုဗစ်-၁၉ ကာကွယ်ကုသ ဆေးနှင့် အခြားဆေးမျိုးစုံ ၃၀ မျိုး ၅၅၁၉၇.၈၆ kg၊ နယ်စပ်   (မူဆယ်၊   ချင်းရွှေဟော်၊    ကန်ပိုက်တီ၊ ကော့သောင်း၊  မြဝတီ၊  တာချီလိတ်)  တွင် ကုမ္ပဏီ ၃၃ ခုမှ Oximeter ၁၁၀၀ ၊ Oxygen Cylinder Kit15 L အစုံ ၁၀၀ ၊ Liquid Oxygen ၃၈.၃၂ တန်၊ Surgical Mask / Face Mask ၃၆၀၂၄ Kg ၊  Liquid Oxygen ၁၅၃၈၈.၈၃ m3 ၊  Oxygen Concentrator ၉၆ ခု၊ Disposable (PPE) ၅၄၀၀ ၊ Oxygen Flow Meter ၁၇၁ ခု၊ Oxygen Face Mask ၅၀၀၀ ၊ Oxygen Regulator ၂၄၀၀ ၊  Oxygen Cylinder  ၃၇၈၅ခု၊ PPE  ၅၄၀၀၊ ဆေးဝါးများနှင့် ဆက်စပ်လှူဒါန်းပစ္စည်းများ အထုပ် ၁၅၀  တို့ကို  ပေးခဲ့ကြောင်း သတင်း ရရှိသည်။                                                                                            

သတင်းစဉ်