
နေပြည်တော် မေ ၁၁
အကောက်ခွန်ဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပစ္စည်း များအား ရေကြောင်း၊ ဆိပ်ကမ်းနှင့် နယ်စပ် ဂိတ်အသီးသီးမှ နေ့စဉ်လွယ်ကူချောမွေ့စွာ စစ်ဆေးထုတ်ပေးလျက်ရှိသည်။
ထိုသို့ထုတ်ပေးရာတွင် မေ ၁၁ ရက်၌ ရန်ကုန်ဆိပ်ကမ်းများမှ Latex Foley Catheter အခု ၄၆၀၀၀၊ Infusion Set အခု ၂၀၀၀၀၀၊ Aerosol Mask အခု ၆၈၀၀၀၀ နှင့် ဆေးဝါး မျိုးစုံ ၄၀၊ စုစုပေါင်း ၄၂၁၇၇ ဒသမ ၄၈ Kg ၊ နယ်စပ် (ချင်းရွှေဟော်) တွင် ကုမ္ပဏီ တစ်ခုမှ Ciprpfloxacin Lacate Injection အခု ၄၃၃၈၀၊ Mannitol Injection အခု ၁၅၀၀၀၊ Sai Oral Rehydration Salt Powder ၅၂၈ ခုတို့ ထုတ်ပေးခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်